All About SEAACC-SF in the Burmese Language

Burma

မြန်မာနိုင်ငံ

စပါးကွင်းများ

လှေကားထစ် စပါးကွင်းများ။  မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲမှ ထိပ်သီးနိုင်ငံ တစ်နိုင်ငံဖြစ်သလို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ လာအို နှင့် ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း နယ်နိမိတ်ချင်းထိဆက်၍ တည်ရှိနေပါသည်။  မြန်မာနိုင်ငံ၏ လူဦးရေ သိပ်သည်းမှုမှာ သန်း (၆၀) ကျော်ရှိပြီး၊ ကမ္ဘာပေါ်တွင် (၂၄) နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရကာ အကျယ်အဝန်းမှာ ၆၇၆ ၅၇၈ စတုရန်း ကီလိုမီတာ (၂၆၁ ၂၂၇ စတုရန်း မိုင်) ရှိ၍ ကမ္ဘာပေါ်တွင် (၄၀) နိုင်ငံမြောက် အကြီးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရလျက် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး နိုင်ငံ ဖြစ်ပါသည်။ (Source: Wikipedia)


Cambodia

ကမ္ဘောဒီယား

စပါးကွင်းများ

ကမ္ဘောဒီးယား (ခ) ခမာ (ခ) ကမ်ပူချီရ် နိုင်ငံမှာ ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုထားကာ တစ်ချိန်က ခမာအင်ပါယာ အဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး အရှေ့တောင်အာရှ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပါသည်။ (Source: Wikipedia)

Laos

လာအို

နိုင်ငံကိုယ်စားပြုပန်း - ဒေါ့ချန်ပ

ချိုမြမွေးပျံ့၍ တမူထူးခြားသော ဤမုတ်သုံပန်းပွင့်ကို လာအိုနိုင်ငံ၏ မြောက်ဘက်မှသည် တောင်ဘက်ထိ နေရာအနှံ့တွင် တွေ့ရှိနိုင်ပြီး အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆက်ကပ်လှူဒါန်းထားသည်ကို တွေ့မြင်နိုင်ပါသည်။ သင်ကို ကြိုဆိုသောအားဖြင့် တစ်ဦးတစ်ယောက်မှ ဤပန်းပွင့် အဖြူအဝါလေးများဖြင့် သီကုံးစွပ်ပေးတတ်သော ဓလေ့ရှိသလို၊ ဤပန်းပွင့်ခိုင်ကြီးများကို အခမ်းအနား ပြင်ဆင်ရာတွင်လည်း အသုံးပြုတတ်ကြပြန်သည်။ မည်သို့ပင်ဆိုစေ လာအိုလူမျိုးများ အတွက် ဤဒေါ့ချန်ပ ပန်းပွင့်၏ အနက်အဓိပ္ပါယ်မှာ ပျော်ရွှင်ကြည်နူးစရာ ဘဝနှင့် အေးချမ်းသာယာနိုင်စေရန်ဟု ရည်ရွယ်ပေသည်။ (Source: http://tourismlaos.org/)


Thailand

ထိုင်း

စပါးကွင်းများ

စပယ်ဆန်။  ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အလယ်တွင် တည်ရှိပါသည်။  ထိုင်းနိုင်ငံသည် ၅၁၃ ၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ ကမ္ဘာပေါ်တွင် (၅၁) နိုင်ငံမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ (၆၄) သန်းခန့် နေထိုင်လျက်ရှိကာ ကမ္ဘာ့ (၂၀) နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံ ဖြစ်ပါသည်။ (Source: Wikipedia)



Vietnam

ဗီယက်နမ်

စပါးကွင်းများ

ကျေးရွာ နှင့် စပါးကွင်းကွေ့ကောက်များ၊ Lao Cai နယ်မြေ။  ဗီယက်နမ် နိုင်ငံသည် အရှေ့တောင်အာရှ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ဘက်ဆုံးနိုင်ငံ ဖြစ်ပါသည်။  ၂၀၁၂ ခုနှစ်ကောက် စာရင်းအရ ခန့်မှန်းနေထိုင်သူဦးရေ (၉၀.၃) သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် (၁၃) နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ကာ အာရှတွင် အဠမမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပါသည်။ (Source: Wikipedia)



မိမိတို့က ဘယ်သူတွေလည်းဆိုလျှင်

အရှေ့တောင်အာရှ အနုပညာ နှင့် ယဉ်ကျေးမှု ထိမ်းသိမ်းရေး စုပေါင်းအဖွဲ့(ဆန်ဖရန်စစ္စကို) ကို ၂၀၁၁ ခုနှစ်တွင် ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ စိတ်ဝင်စားသော လူမျိုးပေါင်းစုံ အဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။  အရှေ့တောင်အာရှ ကွန်မြူနီတီတွင် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်သိမ်းစောင့်ရှောက်ခြင်း နှင့် ဖော်ထုတ်မြှင့်တင်မှုများ နည်းပါးလျက်ရှိပြီး ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် လိုအပ်နေသည်ကို ကျွန်ုပ်တို့မှ တွေ့ရှိ သတိပြုမိခဲ့ပါသည်။  ဤစုပေါင်းအဖွဲ့သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို လူအများ ပိုမိုသိရှိ နားလည်လာစေရန် ရည်ရွယ်၍ တန်ဒါလွိုင်း (Tenderloin) ကွန်မြူနီတီတွင် စတင်ဖော်ထုတ်၍ ဆောင်ရွက်ခဲ့ပါသည်။

တန်ဒါလွိုင်း ရပ်ကွက်သည် အရှေ့တောင်အာရှမှ ပြောင်းရွှေ့အခြေချနေထိုင်သူ အများဆုံး ရှိခဲ့သော ရှည်လျားထင်ရှားသည့် သမိုင်းရှိခဲ့ပါသည်။  ဤရပ်ကွက်တွင် နှစ်စဉ် အရှေ့တောင်အာရှ ယဉ်ကျေးမှုပွဲများကို သီးခြားစီ ကျင်းပပြုလုပ်လေ့လုပ်ထ ရှိနေခဲ့ရာ ကျွန်ုပ်တို့ စုပေါင်းအဖွဲ့မှ အရှေ့တောင်အာရှ နိုင်ငံအားလုံး စုပေါင်း၍ မိမိတို့တစ်ဦးစီ၏ ယဉ်ကျေးမှုများအားလုံးကို တစ်ချိန်တည်းတွင် စုစုစည်းစည်းဖြင့် အင်တိုက်အားတိုက် ထုတ်ဖော် တင်ဆက် ပြသမှုကို ပြုလုပ်လိုခဲ့ကြပါသည်။

ကျွန်ုပ်တို့ စုပေါင်းအဖွဲ့မှ ဤရပ်ကွက်၏ လူမျိုးပေါင်းစုံ ပါဝင်စုစည်းမှုကို ဂုဏ်ပြုရန်၊ ဤရပ်ကွက်နေ အရှေ့တောင်အာရှ လူမျိုးများအား အသိအမှတ် ပြုမိလာစေရန် နှင့် ဤရပ်ကွက်အတွင်း နေထိုင်လျက်ရှိကြသော အရှေ့တောင်အာရှမှ ပြောင်းရွှေ့ နေထိုင်သူများ၏ များပြားလှစွာသော မတူထူးခြား၍ သိမ့်မွေ့သော ယဉ်ကျေးမှု အစဉ်အလာများကို သိရှိနားလည်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယဉ်ကျေးမှု ပွဲတော်များကို ကျင်းပပြုလုပ်လိုခဲ့ကြပါသည်။  ဤအခြေခံ ရည်ရွယ်ချက်များပေါ် မူတည်၍ တန်ဒါလွိုင်း ရပ်ကွက်မှ အစပြုကာ ဆန်ဖရန်စစ္စကို ဗေးဧရိယာ တစ်ခုလုံးသို့ တိုးချဲ့လုပ်ဆောင်လျက် ရှိပါသည်။

ကျွန်ုပ်တို့ စုပေါင်းအဖွဲ့သည် ယဉ်ကျေးမှုပေါင်းစုံ ရောင်စုံညီချယ်ကာ ဖွဲ့စည်းထားကာ ပါဝင်သည့် လူမျိုးများမှာ မြန်မာအမေရိကန်၊ ကမ္ဘောဒီးယား အမေရိကန်၊ လာအို အမေရိကန်၊ ထိုင်း အမေရိကန် နှင့် ဗီယက်နမ် အမေရိကန် လူမျိုးတို့ ဖြစ်ကြပါသည်။  ဤကဲ့သို့ လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် ကျွန်ုပ်တို့ အဖွဲ့အား လူမျိုးစုံ အလွှာစုံမှ လူအများ၏ စိတ်ဝင်စားမှုကို ရရှိစေပါသည်။  ကျွန်ုပ်တို့ စုပေါင်းအဖွဲ့၏ အဖွဲ့ဝင်များမှာ အောက်ဖော်ပြပါ အသင်းအဖွဲ့များမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။


  • Au Co Vietnamese Cultural Center
  • Burmese Youth Association (BYA)
  • International Lao New Year Festival
  • Lao Seri Association
  • Laotian American National Alliance
  • Samaki Project
  • San Francisco Recreation & Park
  • South East Asian Cultural Heritage & Music Performing Arts (SEACHAMPA)
  • SEAACC Tenderloin Residents
  • Samaki Project
  • Tenderloin Economic Development Project
  • Cambodian School of San Francisco
  • Cambodian Community Development
  • Khmer Angkor dance Troupe
  • Laos Traditional Instrumental Music & Cultural Dance Troupe
  • Thai San Bruno Temple


ကျွန်ုပ်တို့ အားလုံးဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ လူမျိုးတွေရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုတွေကို ဖော်ထုတ်တင်ပြဖို့ကို အာရုံစိုက်ရန် ရွေးချယ်ထားတဲ့ တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့ရဲ့ မတူထူးခြားတဲ့ ယဉ်ကျေးမှုတွေကိုလည်း အများသိစေဖို့ မျှဝေရန် ရွေးချယ်ဆုံးဖြတ် ထားခဲ့ပါသည်။  ယဉ်ကျေးမှု ပြခန်းမှာ ကျွန်ုပ်တို့ ပြသတဲ့ အမျိုးအစား ငါးမျိုးကတော့ ဘာသာစကား၊ အစားအစာ၊ အဝတ်အစား၊ ရိုးရာအကနှင့် တေးဂီတ တူရိယာ၊ နှင့် နှစ်သစ်ကူး အခါသမယအကြောင်းတို့ ဖြစ်ကြပါသည်။  အရှေ့တောင်အာရှ ဒေသအသီးသီး၏ ကျောရိုးနောက်ခံမှ ဆင်းသက်လာသော မိမိတို့၏ လှပသည့် အနုပညာနှင့် ယဉ်ကျေးမှု အရည်အသွေးများကို ဖော်ထုတ်တင်ပြခြင်းနှင့် ပညာပေး ပြသခြင်းများ အပေါ်တွင် အဓိကထား အာရုံစိုက် ပြုလုပ်လျက်ရှိသော အကျိုးအမြတ်ကင်း အဖွဲ့အစည်း တစ်ခု ဖြစ်သကဲ့သို့ အရှေ့တောင်အာရှ အနုပညာ နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး စုပေါင်းအဖွဲ့ (ဆန်ဖရန်စစ္စကို) သည် ကွန်မြူနီတီ ဦးဆောင်သော အသင်းအဖွဲ့ ဖြစ်ပြီး၊ မည်သည့် နိုင်ငံရေး အသင်းအဖွဲ့နှင့်မှ မပတ်သက်သည့်အပြင်၊ မည်သည့် နိုင်ငံရေး ရှုထောင့်အမြင်ကိုမှလည်း ထောက်ပံ့အားပေးနေခြင်း မရှိပါ။

ကျွန်ုပ်တို့သည် ဤတန်ဒါလွိုင်း ရပ်ကွက်တွင် အနုပညာ နှင့် ယဉ်ကျေးမှု ပွဲတော်များကို ဆက်လက်၍ ကျင်းပပြုလုပ်သွားမည် ဖြစ်သလို အခြား နယ်ပယ်ဒေသ အသီးသီးတွင် နေထိုင်ကြသူများကိုလည်း ကျွန်ုပ်တို့၏ အရှေ့တောင်အာရှ တိုင်းပြည်တစ်ခုစီ၏ ရိုးရာ ယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ်ကြ တွေ့ကြုံလေ့လာနိုင်ရန် ကျွန်ုပ်တို့မှ မျှော်လင့်ထားပါသည်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

အရှေ့တောင်အာရှ အနုပညာ နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး စုပေါင်းအဖွဲ့ (ဆန်ဖရန်စစ္စကို) ၏ ရည်မှန်းချက်များမှာ ‘P’ သုံးလုံးပေါ်တွင် အခြေခံပါသည်။
- Preserve ထိန်းသိမ်းစောင့်ရှောက်သည်၊  အရှေ့တောင်အာရှ ကွန်မြူနီတီအတွင်း၌ ရိုးရာသမိုင်းကြောင်းအလျောက် တည်ရှိခဲ့သော အနုပညာ နှင့် ယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းခြင်း နှင့် တိုးတက် ကောင်းမွန်လာစေခြင်း။
- Promote ဖော်ထုတ်တင်ပြသည်၊  ယဉ်ကျေးမှုတစ်ရပ် ပိုမိုတိုးတက် ကောင်းမွန်လာမှု နှင့် လူမျိုးတစ်ခု၏ ထင်ရှားသတ်မှတ်မှုများမှာ မိမိတို့ ကွန်မြူနီတီအား တည်ထောင်ရာတွင် သက်ဆိုင်ရာ လူမျိုးတို့၏ မူရင်း အခြေအမြစ်များကို အများသိရှိ နားလည်မှုပေါ်တွင် မူတည်ခြင်း။
- Practice လက်တွေ့အသုံးပြုသည်၊  အသိပညာ နှင့် လုပ်ပုံလုပ်နည်း အတွေးအခေါ်များသည် အသုံးပြုမှု မရှိလျှင် တန်ဖိုးမရှိတော့ပေ။  များပြားလှသော ယဉ်ကျေးမှု နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ဆန်ဖရန်စစ္စကို ဗေးဧရိယာ ကျင်းပပြုလုပ်ခြင်းကြောင့် မည်သူမဆို လူတိုင်းလူတိုင်း ဤကွန်မြူနီတီ အတွင်းမှာပင် ပါဝင်ဆင်နွှဲနိုင်ကြခြင်း။

ရည်မှန်းချက်

အရှေ့တောင်အာရှ အနုပညာ နှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေး စုပေါင်းအဖွဲ့ (ဆန်ဖရန်စစ္စကို) ၏ ရည်မှန်းချက်မှာ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ အရှေ့တောင်အာရှ ကွန်မြူနီတီများ အချင်းချင်း သိကျွမ်းရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေခြင်း နှင့်အတူ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံစီ၏ တည်ရှိနေမှုကို အများသိရှိစေခြင်း နှင့် စွမ်းဆောင်နိုင်အားများကို မျိုးစုံစွာသော ပညာပေးပွဲ၊ လူမှုဆက်ဆံရေးပွဲ နှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ မှတဆင့် ပိုမိုတိုးတက် အောင်မြင်နိုင်ရန် ဖြစ်ပါသည်။

ဆက်သွယ်ရန်

contact@seaacc-sf.org သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments:

Post a Comment